သုံးခွ စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥတို့ကို ကျေးရွာအရောက်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၁ဝ နာရီအချိန်တွင် အဇန်းတောဇွန်းကျေးရွာနေပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်၊ အဇန်းတောဇွန်းကျေးရွာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်လေးပြည်၊ ဆီငါးဆယ်သား၊ ကြက်ဥဆယ်လုံးတို့အား အိမ်ထောင်စု(၁၅၀)စုအား ရောင်းချပေးခဲ့ကြောင်းသိရသည်။
ယင်းသို့ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀ /-ကျပ်၊ ဆီတစ်ပိဿလျှင် ၅၃၀၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်ဖြင့် ကျေးရွာများအရောက် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်