မြောက်ဥက္ကလာပမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အားကစား ပစ္စည်းလှူဒါန်းပွဲ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ   စက်တင်ဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်း လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝး၀၀ အချိန် က ..က() မြောက်ဥက္ကလာပကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်နိုင်ဦး က လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး အားကစားအဖွဲ့မှ တိုက်ကွမ်ဒိုပြကွက်၊ fitness dance မှ ကာယလေ့ကျင့်ခန်းပြကွက်များဖြင့် သရုပ်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် အားကစားပစ္စည်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ..က()ကျောင်းသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)