သန်လျင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

သန်လျင်     စက်တင်ဘာ  ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင် စာအုပ်ပြပွဲကို ယနေ့နံနက်တွင် သန်လျင်မြို့ ဗဟို(မူလွန်)ကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေး က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်း က အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးသည်၊ ဆက်လက်၍ မြို့နယ်ဒုတိယဦးစီးမှုး (စာကြည့်တိုက်တာဝန်ခံ) ဒေါ်စမ်းစမ်းစိမ့် က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်တို့၏ တာဝန် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက ပြခန်းအတွင်းခင်းကျင်း ပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအား ကြည့်ရှု့လေ့လာကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ စာပေဗဟုသုတရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးအစီအစဉ်များကို အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)