မိုင်းပန် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်ပန်ခန်းမ အတွင်းတွင် ယမန်နေ့ နေ့လယ် (၃)နာရီခွဲ အချိန်က ရှမ်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းအတွက် Hand Held Mega Phone များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်း (၁၄) ဦးထံသို့ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Hand Held Mega Phone များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ပန်ကြားချက်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများသို့ ပြန်ကြားချက်များ၊ မြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တို့အား ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအနေဖြင့် ပိုမိုသိရှိနိုင်စေရန်အတွက် လှည့်လည်ဆော်ဩစေမည်ဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်အတွက် (၄) ခု နှင့် ကျေးရွာအုပ်စု (၁ဝ) အုပ်စု အတွက် (၁ဝ) ခုတို့အား ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၏ လက်ဝယ်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများမှ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆန်းမြင့်(မိုင်းပန်)