မဘိမ်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းပြီး မဘိမ်းမြို့၊ ကုန်းခါးရပ်ကွက် လမ်းဆုံပန်းခြံ၌ ယနေ့နံနက် ၇ နာရီခွဲအချိန် မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ကြရန်အတွက် နှာခေါင်းစည်းတပ်ဆင်သွားလာရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှုပ်ရှားမှုပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များအပေါ် လိုက်နာကြရန်၊ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာကြစေရေး လှုပ်ရှားမှုအဖြစ် ပါးစပ်နှင့်နှာခေါင်းစည်း ၂ဝဝ နှင့် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)