သင်္ဃန်းကျွန်းမြို့နယ် အ.မ.က(၈)တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြသပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကျင်းပ

​​သင်္ဃန်းကျွန်း     စက်တင်ဘာ     ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၈)အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့ နေ့လယ်(၁:၀၀)အချိန်က   ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က ကျောင်းသား/သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်ဆောင်ရွက်ရမည့်အကြောင်းအရာများ၊ ရောဂါဖြစ်ပွားခဲ့ပါက နေထိုင်စားသောက်ရမည့်ပုံစံများစသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

၎င်းနောက် ကျောင်းသား/ကျောင်းသူများ ဗဟုသုတပိုမိုဖွံ့ဖြိုးစေရန်အတွက် သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် စာပေ၏တန်ဖိုးကို သိရှိနားလည်စေရန်၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများစွာရရှိစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအကျိုးပြု အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုဘုန်း(သင်္ဃန်းကျွန်း)