မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပ

မြစ်သား    စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိသတ်များအား အပြောစွမ်းရည် မြင့်မားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က ပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များ  ရှင်းလင်းပြောကြားပြီး  မူလွန်ကျီတော်ကုန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဦးမှ အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများကို ပြောကြားသည်။ ထို့နောက် စာဖတ်စွမ်းရည် ပြိုင်ပွဲတွင် အလယ်တန်းအဆင့်  ပြိုင်ပွဲဝင် (၈) ဦးမှ “အာဟာရနှင့် ကိုယ်လက်လှုပ်ရှားမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘောလုံးပစ်ပြိုင်ပွဲတွင် မူလတန်းအဆင့်ပြိုင်ပွဲဝင် (၁၆) ဦးမှ အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲနိုင်ဦး(မြစ်သား)