ကျောက်ဆည် စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်တိုက်နယ်(၁၂)ခုမှ ကွင်းပေါင်း (၂၁၇)ကွင်းတွင် မိုးစပါး(၅၈၁၇)ဧက စိုက်ပျိုးရန်လျာထားပြီး (၅၂၄၆၁) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှ သိရသည်။
မိုးစပါးသီးနှံများကို တိုက်နယ်(၁)မှ ပန်းခွာ-ကျီးပြ-သင်ပျို-ကျီးအိပ်-ဒွေးလှ-ငါးဆူ-ရှားပင် ကျေးရွာအုပ်စုများတွင်(၂၂၄၀)ဧက၊ တိုက်နယ် (၂)မှ ဒါန်းတိုင်-ရန်ဘက်လို-ပေတော-ဘုံကွင်း-စင်းကွန်း ကျေးရွာအုပ်စု များတွင် (၅၇၉၂)ဧက၊ တိုက်နယ်(၃)မှ လက်ပန်ဇင်-မယ်ဇယ်ပင်-တံစိုး-သူငယ်တော်-ပွတ္တိုင်-မြောင်းဦး-အနောက်သာဂရ-ရွာပုလဲ-ကတဲ-ပနံ ကျေးရွာ အုပ်စုများတွင် (၅၀၃၈) ဧက၊ တိုက်နယ်(၄)မှ ညောင်ရွေ- သင်ပုတ်- ဇရပ်ဖြူ- ငါးအိုး- ရွာနန်း- လက်ပန်- ညောင်ဝန်း-ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၄၂၀၇)ဧက၊တိုက်နယ်(၅)မှ တောင်နောက်-သင်တောင်း-အင်တိုင်း-ပြည်ပန်းဖောင်ရွာ- ကြက်မင်းတွန်- ပတ္တာ-ပင်တလည်- သမန္တလင်း- မြင်းကဘက်- မုန့်ပေါင်း- လက်ပန်ဇင် ကျေးရွာအုပ်စုများတွင် (၅၉၇၉) ဧက၊ တိုက်နယ်(၆)မှ အရှေ့ငယ်တိုး- ထန်းဇင်တော်- ငှက္ကတောင်- ရွှေဓား- ရဲဘော်ကြီး ကျေးရွာအုပ်စု များတွင် (၃၈၆၅)ဧက၊ တိုက်နယ်(၇)မှ ဖျောက်ဆိပ်ပင်-ရွာသစ်-ရေသရောက်-ချောင်းဆုံ- သရက်ပင် -ရဲ- ကြောင်-ဇရစ်ခဲ-အုန်းကြော-ကြက်သားဟင်း ကျေးရွာအုပ်စုများတွင်(၂၃၅)ဧက၊ တိုက်နယ်(၈)မှ သင်္ဂတုံ- အရှေ့သာဂရ- ကလေး- မှိုင်းပန်- ပြည်တော်သာ- ရှမ်းတောင်ဦး-ပုထိုးနီ- ကုလားကျောင်း ကျေးရွာအုပ်စု များတွင် (၅၉၈၄)ဧက၊ တိုက်နယ်(၉)မှ ရဲမအူ-စိုင်မလန်း-ကိုးပင်- အင်ရောင်း-ကလိုင်ကျော် ကျေးရွာ အုပ်စုများတွင်(၄၂၃၆)ဧက၊ တိုက်နယ်(၁၀)မှ မင်းစု-စပါယ်တော-ရွှေအင်း-လေးဆယ်ကုန်း-တောတွင်-မြေစိုပယ်ကျေးရွာအုပ်စုများတွင်(၅၀၁၂)ဧက၊တိုက်နယ်(၁၁)မှ ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ-သံရွာ-ခါးတက်ကုန်းကျေးရွာအုပ်စု များတွင် (၄၆၈၈)ဧက၊ တိုက်နယ်(၁၂)မှ ဆူးလေကုန်း-ပေါက်ပင်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်းကျေးရွာအုပ်စု များတွင်(၅၁၈၅)ဧက စုစုပေါင်း (၅၂၄၆၁)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခ စပါးမျိုးများ စိုက်ပျိုးကြကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးစိုက်ခင်းများအောင်မြင်စေရေး၊ ပိုးမွှားကင်းစင်သည့် မျိုးသန့်မျိုးကောင်းစပါးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သတ်မှတ်အထွက်နှုန်းပြည့် မီစေရေး၊ စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေရေး၊ ပေါင်းမြက်များအချိန်မီနှိမ်နင်းရေး၊ စိုက်ပျိုးရေချွေတာပြီး ရေသွင်းရေထုတ် မှန်ကန်စေရေး၊ သဘာဝမှိုသတ်ဆေးများ၊ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲစေရေးစသည့် နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်