တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများကိုဆက်လက်ရောင်းချပေး

တောင်ဥက္ကလာပ စက်တင်ဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်သူများအခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယနေ့နံနက်(၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံတွင် အခြေခံစားသောက်ကုန်များအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့သို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀/-ကျပ်၊ စားဆီတစ်ပိဿာလျှင် ၄၈၀၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချမှုတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဦးစီးဌာန၊ အမှတ်(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်းသတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)