နွားထိုးကြီးမြို့နယ်တွင်လာမည့်ရွေးကောက်ပွဲအတွက်အထူးရဲ ၂၂၀ ဦးအသုံးပြုမည်

နွားထိုးကြီး စက်တင်ဘာ  ၁၅

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲကာလတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၌ လုံခြုံရေးအထူးရဲအင်အား ၂၂၀ ဦး အသုံးပြု သွားမည်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

နွားထိုးကြီးမြို့နယ်တွင် လျာထားမဲရုံ (၂၂၀)ရုံရှိပြီး မဲရုံတစ်ရုံလျှင်တစ်ဦးနှုန်းဖြင့်မဲရုံများ၌အထူးရဲ ၂၂၀ ဦးတို့ကို ရွေးကောက်ပွဲ လုံခြုံရေးအတွက် အသုံးပြုသွားမည်ဖြစ်သည်။ မဲရုံသို့လာမည့် ပြည်သူများအား မဲမပေးနိုင်အောင် နှောက်ယှက်ခြင်းများမရှိစေရန် ရပ်ကင်း၊လှည့်ကင်းများ ချထား မည်ဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များကပူးပေါင်းပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ရွေးကောက်ပွဲကျင်းပနေစဉ် မဲရုံပတ်ဝန်းကျင်တွင် ဆူညံခြင်း၊မူးယစ်ခြင်းဖြစ်စဉ်များနှင့် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)