သံတွဲမြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

 

သံတွဲ စက်တင်ဘာ ၁၄

သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ကြီးကြပ်လျက် သံတွဲမြို့နယ်အတွင်းရှိ  ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ သံတွဲတပ်နယ်မှ မိသားစုဝင်များနှင့် ဆန်လုပ်ငန်းရှင်များ စုပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဆန်၊ စည်သွပ်ဗူးမျိုးစုံ၊ ဟင်းသီးဟင်းရွက်များနှင့် ဆပ်ပြာတောင့်များကို ပြည်သူများထံသို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဈေးရောင်းချနေမှုများကို  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး  ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)