မိုင်းဆတ် စက်တင်ဘာ ၁၄
ဒဿမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် အသိပညာပေး နံရံကပ်ဘုတ်ချိတ်ဆွဲခြင်းကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော် ဦးဆောင် မှုဖြင့်ယမန်နေ့မွန်းလွဲ (၁)နာရီက မယ်ဆွမ်တောင်နှင့် မယ်ဆွမ် မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ဘုတ်အား ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်ကပေးအပ်ရာ မယ်ဆွမ်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဉီးကျော်သူရနှင့် မယ်ဆွမ်မြောက်အုပ်ချုပ်ရေးမှူး ဉီးစိုင်းစန္ဒာတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်ဘုတ်အား မယ်ဆွမ်တောင်နှင့် မယ်ဆွမ်မြောက်ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးတွင် ချိတ်ဆွဲခဲ့ကြပြီး အခမ်းအနားသို့ ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)