မိုင်းဆတ် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ "ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်”အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက အ.ထ.က (မိုင်းဆတ်)မြတ်ပညာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲအား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “သက်ရှိလော ကတည်မြဲဖို့ အိုဇုန်းလွှာကိုထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ရာ အ.ထ.က (မိုင်းဆတ်)မှ ကျောင်းသား(၇)ဉီး၊ ကျောင်းသူ(၈)ဉီး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ(၁၆) ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး” နေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာနမှ သိရသည်။
မြင့်မောင်(မိုင်းဆတ်)