ညောင်ဦးမြို့ လမ်းသွားလမ်းလာများနှင့် ဈေးများအတွင်း လူတိုင်းနှာခေါင်းစည်းတပ်ဆင်နိုင်ရေး Mask ခုရေ ၃၀၀၀ ဖြန့်ဝေ

ညောင်ဦး  စက်တင်ဘာ  ၁၄

ညောင်ဦးမြို့နယ်တွင် လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်ရေးအတွက် ရည်ရွယ်ပြုလုပ်သည့် Mask Campaign ကို မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့၊ အမှတ်(၇)ဝက်ကြီးအင်းရပ်တို့တွင် ယနေ့နံနက် ၇ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

Mask Campaign ပြုလုပ်ဖြန့်ဝေခြင်းအား ညောင်ဦးခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးလွင်နှင့်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်နှင့်စီမံအဖွဲ့ဝင်များ ဦးဆောင်သည့် မြို့နယ်စီပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဈေးရောင်းဈေးဝယ်များ၊ လမ်းသွားလမ်းလာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန် အသိပညာပေးကာ Mask အခုရေ ၃၀၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ