ကွမ်းလုံ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်ဗျူဟာအဖွဲ့ (အခြေချ) ကွမ်းလုံတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ပြည်ထောင်စုလမ်းမကြီးဘေး လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်ဗျူဟာအဖွဲ့(အခြေချ) ကွမ်းလုံတပ်နယ်မှ ဗိုလ်မှူး မိုးကိုကိုနှင့် အမှတ် (၁၂၇) အမြောက်တပ်ရင်းမှူးတို့မှ ဦးစီးသော တပ်မတော်သားများက အခြေခံစားကုန်များဖြစ်ကြသည့် ဆန်(၁)ပြည်(၁၅၀၀)ကျပ်၊ ဆီ(၁)ပိဿာ(၅၈၀၀)ကျပ်၊ ကြက်ဉ(၁)လုံး (၁၅၀)ကျပ်၊ ကုလားပဲခြမ်း(၁)ပြည်(၁၈၀၀)ကျပ်၊ ငါးဗူး(၁)ဗူး (၁၀၀၀)ကျပ်၊ ခေါက်ဆွဲ(၁)ထုပ် (၃၀၀) ကျပ်၊ နို့ဆီ(၁)ဗူး(၈၀၀)ကျပ်၊ ရွှေဖီဦး(၁)ထုပ်(၂၀၀၀)ကျပ်နှင့် ဟင်းသီးဟင်းရွက်များ စုစုပေါင်း(၁၇)မျိုး တို့ကိုရောင်းချပေးခဲ့ပြီး ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အပတ်စဉ်အင်္ဂါနေ့တိုင်း ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)