ညောင်ဦး စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ညောင်ဦးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်လျက် ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့နယ် အမှတ် (၇)၊ဝက်ကြီးအင်းရပ်၊ မြသိန်းတန်ဘုရား ရင်ပြင်တော်ပေါ်တွင် ဒေသခံပြည်သူများလက်ဝယ် အရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချရာ ဆန်တစ်ပြီ၊ ကြက်သွန်ငါးဆယ်ကျပ်သား၊ဆားငါးဆယ်ကျပ်သား၊ ကြက်ဥ ငါးလုံးတို့ကို (၄၅၀၀)ကျပ်ဖြင့် ရောင်းချပေးခြင်း၊ စားသုံးဆီ ငါးဆယ်ကျပ်သားကို ၂၉၅၀ ကျပ် ဖြင့် သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများအားရောင်းချပေးခဲ့ရာ ဆီပိဿာချိန် ၆၆၀ ပိသာနှင့် ဆန်၊ ကြက်ဥ၊ ကြက်သွန်၊ ဆားတို့အား အိမ်ထောင်စု (၃၅၀)စုစာရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။စားသုံဆီများအား ညောင်ဦးမြို့နယ် အမှတ်(၇)၊ဝက်ကြီးအင်းရပ်ရွက်ရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။
အခြေခံစားသောက်ကုန်များရောင်းချသည့်နေရာသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များမှ ကြီးကြပ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ