ကာမိုင်း စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ စည်ပင်သာယာဈေးရှေ့နှင့် ဈေးအတွင်း၌ ဈေးသို့ လာရောက် သည့် ပြည်သူများနှင့် လမ်းမကြီးပေါ်တွင် သွားလာနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကူးစက်တတ်သောရောဂါများ ကူးစက်မှုပျံ့နှံ့မှု မရှိစေရေးအတွက် ဌာနဆိုင်ရာများ အားလုံး ပူးပေါင်၍ ယနေ့ နံနက်(၈)နာရီက Mask Campaign ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီအသင်းခွဲငယ်မှ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပြည်သူများကို နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းမရှိဘဲ ဖြတ်သန်းသွားလာနေကြသော ပြည်သူများအား နှာခေါင်းစည်း(Mask) (၁၀၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)