မှော်ဘီမြို့ လူစည်ကားရာနေရာ၌ နှာခေါင်းစည်း (Mask) ဝတ်ဆင်အသုံးပြုရေး စစ်ဆေး အသိပညာပေး ဆောင်ရွက်

မှော်ဘီ စက်တင်ဘာ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မပျက်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မှော်ဘီမြို့နယ် တွင် လူစည်ကားရာနေရာ များဖြစ်သည့် ကားမှတ်တိုင်များ၊ ဆိုက်ကားဂိတ်၊ ဆိုင်ကယ် ကယ်ရီဂိတ် တို့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်းစစ်ဆေး ဆောင်ရွက် ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကားမှတ်တိုင်ရှိ ခရီးသည်များ၊ ယာဉ်မောင်းနှင့် ခရီးသွား ပြည်သူများ၊ ဆိုင်ကယ် ကယ်ရီသမားများနှင့် ဆိုက်ကားနင်းသူများ(Mask) နှာခေါင်းစည်းများကို မဖြစ်မနေ တပ်ဆင်ကြရန် စစ်ဆေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး (Mask) နှာခေါင်းစည်း များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

ကောင်းမြတ်သူ (ပြန်/ဆက်)