ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းများနှင့် နှာခေါင်းစည်း(၃၀၀၀)ခု အခမဲ့ဖြန့်ဝေ

ကျောက်ဆည်  စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်၊ BA-4၊ BA-၅ ရောဂါကူးစက်မှုမရှိစေရေး မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ယနေ့နံနက်(၇)နာရီက မြို့မဈေးနှင့် အေးမြ ကြည်လင်ဈေးတို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆိုင်ရာအသိပညာပေးနှိုးဆော်ခြင်းများနှင့် နှာခေါင်းစည်း(၃၀၀၀)ခု အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် ကော်မတီဝင်များ၊ ခရိုင်စည်ပင်သာယာရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ အမှုဆောင်အရာရှိဦးအောင်ကျော်ဟိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များပူးပေါင်း၍ ပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်များအား အပြင် ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်၊ ရောဂါကူးစက်မှုမရှိစေရေး သတိပြုနေထိုင်ကြရန် စသည့် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ပြီး နှာခေါင်းစည်း(၃၀၀၀)ခုအား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)