ဗန်းမော် စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက ဗန်းမော်မြို့ ကမ်းနားဈေးနှင့် လူစည်ကားသည့် နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဗန်းမော်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး ဦးသိန်းမောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း များက ဒေသခံပြည်သူ များအား နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ရေးအတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများ၊ ခရီးသွားပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ နေထိုင်လုပ်ကိုင် သွားလာစေရေး အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးပြီး နှာခေါင်းစည်း အခုရေ ၂၀၀၀ ကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)