မင်းပြားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်    

မင်းပြား စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ကျောင်းသားလူငယ်များအား စာဖတ်ရှိန် မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(တောင်ပိုင်း)၌ ကျင်းပပြုလုပ်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက ယနေ့ခေတ်တွင် အသိပညာသည်  အလွန်အရေးပါလှသဖြင့် အသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာပေဖတ်ရှုလေ့လာရာတွင်  စာဖတ်ရှိန်ကိုမြှင့်တင် ရေး အသိပညာပေး ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမောင်သန်းဝင်းက စားသုံးသူအကာအကွယ်ပြုရေး အသိပညာပေး ပြောကြားသည်။ ဆက်လက်၍ အခြေခံပညာမူလတန်းလွန်ကျောင်း (တောင်ပိုင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဦးမေသိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အခမ်းအနားအပြီးတွင် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပြသထားသည့် အသိပညာပေး  နံရံကပ်စာစောင်ကို ကျောင်းသား/ကျောင်းသူများက လေ့လာဖတ်ရှုကြကြောင်း သိရသည်။

သိန်းနုအောင်