မရမ်းကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်​ရေး နယ်လှည့်ကွင်းဆင်း​ဆောင်ရွက်

မရမ်းကုန်း စက်တင်ဘာ ၁၄

​စာ​ပေ​ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိ​စေရန်၊ ယဉ်ကျေးသိမ်​မွေ့လာ​စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်​စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်()အ​ခြေခံပညာအလယ်တန်း​ကျောင်း၌ ယမန်​နေ့မွန်းလွဲပိုင်းက စာဖတ်ရှိန်မြှင့်တင်​ရေး နယ်လှည့်ကွင်းဆင်း​ဆောင်ရွက်ခဲ့သည်။

အဆိုပါနယ်လှည့်ကွင်းဆင်း​ရာတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက​ ကျောင်းသား၊ ​ကျောင်းသူများကျောင်းစာများကိုသာမက ပြင်ပရှိအသိပညာရရှိ​စေ​သော စာအုပ်များကို သိရှိဖတ်ရှု​စေလို​​ကြောင်း၊ စာအုပ်စာစောင်များနှင့်ရင်နှီးကျွမ်းဝင်မှုရှိပြီး စာ​ပေကိုစိတ်ဝင်စား မြတ်နိုးတန်ဖိုးထားတတ်​ကြစေလို​ကြောင်း၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေကိုအသုံးချတတ်လိုကြောင်းအစရှိသည့် စာ​ပေအ​ကြောင်းအရာများအပြင် ကိုဗစ်-၁၉​ရောဂါကာကွယ်​ရေးအသိပညာ​ပေး အ​ကြောင်းအရာများကို ​ဟော​ပြော​ဆွေး​နွေးခဲ့သည်။

ထို့​နောက်​ကျောင်းသား​၊ ကျောင်းသူများက ပြသထား​သောစာအုပ်၊ စာ​စောင်များအား ဖတ်ရှုငှားရမ်းခြင်းနှင့် အသိပညာ​ပေးနံရံကပ်စာ​စောင်းများအား​ ကြည်ရှုခဲ့ကြ​ကြောင်းသိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)