သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ Mask Campaign ဆောင်ရွက်

သံဖြူဇရပ် စက်တင်ဘာ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ မြို့အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးမှူးဦးကျော်ဝင်းနိုင်၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျိုက္ခမီ​ မြို့ စည်ပင်သာယာ​ရေးအဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ကျိုက္ခမီမြို့စျေး ကြီးအတွင်း စျေးရောင်း၊ စျေးဝယ်သူများနှင့် လူစည်ကားရာနေရာများ၊ ပြည်သူများနှင့် သွားလာလှူပ်ရှားနေကြသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ခရီးသွားလာနေကြသည့် ပြည်သူများ အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် ထိုးနှံကြရေး နှာခေါင်းစည်း မပျက်မကွက် တပ်ဆင်ကြရေး စသည်တို့ကို အသိပညာပေး ပြောကြားပြီး  Mask (၁၅၀၀) ခန့်အား အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)