ချောင်းဆုံ စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ (ပြန်/ ဆက်၊ ရဲတပ်ဖွဲ့၊ ဘေး/ စီမံ၊ အား/ ကာ) ဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး အခြေခံပညာကျောင်းများတွင် ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုဆိုင်ရာ၊ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ချောင်းဆုံမြို့နယ် ကညှော် (အ.ထ.က)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဦးကျော်ကျော်အောင်က လူငယ်နှင့်စာဖတ်ခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းအရာနှင့် လူကုန်ကူးမှုဆိုင်ရာများကိုလည်းကောင်း (အား/ ကာ) ဌာန ဦးစီးအရာရှိဒေါ်သက်ငုံဖူးကဦးစီးဌာန၏ မျှော်မှန်းချက်ရည်မှန်းချက် အားကစားမှ အကျိုးပြုနိုင်သည့်အချက်များ အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ (ဘေး/စီမံ)ဌာန ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းက သဘာဝဘေးနှင့်ပတ်သက်သည့် ဘေးအမျိုးအစားအကြောင်းအရာများကိုလည်းကောင်း၊ ဟောပြောခဲ့သည်။
ထို့နောက် (အား/ကာ)ဌာနမှ အားကစားပစ္စည်းများနှင့် (ဘေး/စီမံ)ဌာနမှ သဘာဝဘေးနှင့်ပတ်သက်ပြီး ဗီနိုင်းပိုစတာ၊ လက်ကမ်းစာစောင်များပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ကျောင်းသား/ သူများအား အဆိုပါအဖွဲ့မှ မေးခွန်းအမေး/ ဖြေများမေးမြန်းခြင်း၊ ပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ သူ (၂၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ (ပြန်/ဆက်)