ဒဂုံမြောက် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ်ရောဂါများ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါများ ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လိုက်နာကျင့်သုံးစေရန်ရည်ရွယ်၍ နေအိမ်ပြင်ပသို့ သွားလာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ မဖြစ်မနေတပ်ဆင်သွားလာရေးအသိပညာပေး (MaskCampaign)များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဆန်နှင့်ဆီရောင်းချပေးနေသော (၃၃)ရပ်ကွက်၊ ဆရာစံလမ်းနှင့် ကျောက်စိမ်းလမ်းထောင့်တွင် နှာခေါင်းစည်း(Mask)များ ဝေငှခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းများ ပြည်သူများအား စနစ်တကျ(Mask)တပ်ဆင်သွားလာရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့ပြီး Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ