ပုဇွန်တောင်မြို့နယ်တွင် မျက်စိပါဝါအခမဲ့စမ်းသပ်ပေးပြီး မျက်မှန်ပြုလုပ်ခြင်းအား အရစ်ကျစနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေး

ပုဇွန်တောင် စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအား Eye vision မှ မျက်စိပါဝါအခမဲ့စမ်းသပ်ပေးမည်ဖြစ်ပြီး မျက်မှန်ပြုလုပ်ခြင်းအား အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်စေရေး ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ မျက်စိပါဝါအခမဲ့ လာရောက်စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်