မိုးကုတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက်ကျောင်းသား/ကျောင်းသူများအား Booster Dose ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် Mask Compaing များပြုလုပ်ဆောင်ရွက်

မိုးကုတ်  စက်တင်ဘာ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကိုဗစ်ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွားမှုမဖြစ်စေရန်နှင့်ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက်   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို  ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်( ၉ )နာရီအချိန်က  မိုးကုတ်အထက-၁ ကျောင်းနှင့် ကျပ်ပြင် အထက ကျောင်းတို့တွင်  အသက်(၁၂)နှစ်အထက်နှင့်အသက်(၁၈)နှစ်အကြား ကျောင်းသား/သူများအား Booster Dose ဆေးထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးကျောင်းသား/ကျောင်းသူ (၂၅၇)ဦးအား ထိုးနှံပေးခဲ့ ကြောင်းသိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြို့လယ်မီးပွိုင့်လမ်းတွင် ပြည်သူများအား Mask Compaing ပြုလုပ်ကာ Mask(၁၅၀၀ )ခု ၊ ကျန်းမာ ရေးလက်ကမ်းစာစောင်(၅၀၀)စောင်တို့အား အခမဲ့ဖြန့်ဝေခြင်းများ၊ မိုးကုတ်ကုတင်(၁၀၀)ဆံ့ပြည်သူ့ ဆေးရုံကြီးတွင်လူနာများအား ကြည့်ရှုအားပေးခြင်း အောက်ဆီဂျင်အိုးစုဆောင်းထားရှိမှုအား ကြည့်ရှုခြင်း အသိပညာပေးခြင်းများကို ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်  ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

နန်းခွာညိုနှင်း