သံတွဲ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်ဗီဇပြောင်း BA-5 ကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (Mask Campaign ) ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေ အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ်(၃)၇ပ်ကွက် ဒွါရာဝတီမြို့မဈေးရှေ့နှင့် ဈေးအတွင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ (Mask Campaign ) ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေအသိပညာပေးခြင်းကို ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးချစ် နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥကဋ္ဌ၊ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ (Mask) ပါးစပ်နှာခေါင်းစည်း အခု(၄၀၀၀) ကို ပြည်သူများအားအခမဲ့ဖြန့်ဝေပြီး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယခုလို(Mask Campaign) ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေအသိပညာပေးခြင်းများ ကြိုတင် ဆောင်ရွက်ခြင်းမှာ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်ဗဇပြောင်း BA-5 ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာသဖြင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန် အသိပညာပေးခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)