ကမာရွတ်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများဆက်လက်ကျင်းပ

ကမာရွတ်   စက်တင်ဘာ ၁၃

နိုင်ငံတစ်ဝန်းလူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁၂:၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပါသည်။

ဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချပ်​ရေးမှူးဦး​ကောင်းမြတ်သူက လူငယ်နှင့်​ခေါင်းဆောင်မှု​ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စိမ်းလဲ့က “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပါသည်။

ဆက်လက်၍ မြို့နယ်တာဝန်ခံလက်​ထောက်ပညာရေးမှူးဆရာဦးဆန်းထွန်းက “စိတ်ဓာတ်ကောင်းပြီးစည်းကမ်းရှိမှတိုးတက်မည်” ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ထို့​နောက်အားကစားအဖွဲ့များမှ​ ကျောင်းသား​၊ ကျောင်းသူများကို ရိုးရာခြင်းလုံး၊ Fitness အား သရုပ်ပြကစားခြင်း​ ဆောင်ရွက်ကြပါသည်။ 

ယင်းနောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး​ဒေါ်ဇူလိုင်မိုးက အခြေခံပညာ အမှတ်(၄)ကျောင်းအတွက် အားကစားပစ္စည်းများပေးအပ်ကာ ​ကျောင်းအုပ်ဆရာမကြီးက လက်ခံခဲ့​ကြောင်း သိရှိရပါသည်။

စိမ်းလဲ့(ပြန်/ဆက်)