မိုးမောက်မြို့၌ မြို့မစျေးတွင်းနှင့်စျေးရှေ့တွင် Covid-19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်နိုင်ရေးအသိပညာပေးဆောင်ရွက်

မိုးမောက်  စက်တင်ဘာ     ၁၃

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မိုးမောက်မြို့၌ မြို့မစျေးအတွင်းတွင် စျေးရောင်း စျေးဝယ်သူများနှင့် မြို့မစျေးရှေ့ကားလမ်းပေါ်တွင် သွားလာသူနေသူများအား Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက်ကြိုတင်ကာကွယ်ရေး နည်းလမ်းတစ်ခုဖြစ်သော နှာခေါင်းစည်း (Mask) တပ်ဆင်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၃ ရက် နံနက်()နာရီခွဲမှ (၁၀)နာရီအထိ ပြုလုပ်ဆောင် ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မောင်မောင်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များက Covid-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင် ပေးခြင်းနှင့် နှာခေါင်းစည်း(Mask)အခုရေ (၁၀၀၀)ကျော်ကို အခမဲ့ဖြန့်ဝေပြီး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လွန်းနန်းထွေး