ကျောက်ပန်းတောင်း စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်၊ ဒေသဖွံ့ဖြိုးရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စစ်ကြောင်းကြီး(၅)ကြောင်း ဖြင့်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၉နာရီကျော်ခန့်က လယ်ယားတောင် ကျေးရွာသီရိဂုဏ်ရောက်ဓမ္မာရုံတွင်ပြည်သူများနှင့်တွေ့ဆုံဆွေး နွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်း လွင်က ဒေသဖွံ့ဖြိုးရေး၊ တရာဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းတည်ငြိမ်ရေးတို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးနေမှုအခြေများကို ရှင်းလင်းပြောကြားပြီး၊ အဖွဲ့ဝင်များအဖြစ်လိုက်ပါလာကြသည့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနောင်ထွန်းလွင်က ရပ်ရွာအေးချမ်းတည် ငြိမ်ရေးနှင့်လုံခြုံရေး ဆိုင်ရာများကိုလည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ကျေးရွာဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို မိမိတို့ဌာနအလိုက် တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြသည်။ ဆက်လက်၍ ကျေးရွာပြည်သူများက ဒေသဖွံ့ ဖြိုးရေးလိုအပ်ချက်များနှင့် ဆောင်ရွက် လိုသည်များကို တင်ပြဆွေးနွေးကြရာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး တွေ့ဆုံပွဲကိုရုပ်သိမ်းလိုက်သည်။ အဆိုပါ လူထုတွေ့ဆုံပွဲမစတင်မီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များဝေငှပေး ကြပြီး၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ လျှပ်စစ်အန္တာရာယ်ကင်းဝေးရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲ အပြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ အထွေထွေရောဂါကုသခြင်း၊ ကလေးငယ်များအား သံချဆေးနှင့် ဗီတာမင်-အေ ဆေးတိုက်ကျွေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှအိမ်ထောင် စုလူဦးရေစာရင်း အတိုး/ အလျှော့ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊လုံခြုံရေးတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား(၆၅)ဦး ဖြင့် လယ်ယား တောင်ကျေးရွာမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရပ် မိရပ်ဖများ၊ပြည်သူများစုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)