လွယ်ဂျယ် စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သော သဝဏ်လွှာအား လွယ်ဂျယ်မြို့ အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ဖတ်ကြားပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် များအား ဖြန့်ဝေခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေး ဓာတ်ပုံမှတ်တမ်းများ၊ နံရံကပ်စာစောင်များကို အခမ်းအနားသို့ တက်ရောက်လာသူများ နှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ကချင်ရိုးရာ၊ ရှမ်းရိုးရာ၊ လီဆူရိုးရာနှင့် တရုတ်ရိုးရာယဉ်ကျေးမှုကော်မီအဖွဲ့ များ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လွယ်ဂျယ်(ပြန်/ဆက်)