ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီက စာဖတ်ရှိန်မြင့်မာရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ် စာစောင်ပြပွဲကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီလင်းက အလိမ္မာစာမှာရှိဆိုသည့်အတိုင်း ကျောင်းသား၊ကျောင်းသူများအနေဖြင့် ယဉ် ကျေးလိမ္မာစွာ မှတ်သားနာယူခြင်းများ ပြုလုပ်သွားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာအုပ်၊စာပေဖတ်ရှုခြင်း ဖြင့် အသိပညာဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှုအသိဉာဏ်များ ပိုမိုရင့်သန်လာစေရန်နှင့် ပြင်ပဗဟုသုတများရရှိစေရန်အတွက်  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ထူးချွန်သူများ၏အတ္ထုပတိများ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပေါင်းသင်းဆက်ဆံရေး အကြောင်းများ အသိပညာပေးဟောပြောခဲ့ပြီးခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ပထမအရွယ်မှာ ပညာရှာဆိုသည့်အတိုင်း ပညာကို ကြိုးစားရှာဖွေသွားကြစေလိုကြောင်း ပညာရှာဖွေရှာရာ၌ ကျောင်းစာအပြင် သိပညာဗဟုသုတတိုးပွားရေး ပြင်ပစာအုပ်၊စာပေများရှာဖွေဖတ်ရှုစေလိုကြောင်း၊ ပညာပြည့်စုံမှ အေး ချမ်းပျော်ရွှင်မှာဖြစ်ကြောင်း၊ စာပေ၏အကျိုး ကျေးဇူးများသည့် တန်းဖိုးဖြတ်၍မရနိုင်ကြောင်း၊ ဘဝတွင် အခက်အခဲများတွေ့ရှိမှာဖြစ်သဖြင့် ရိုးသား/ကြိုးစား ဖို့လည်းလိုအပ်ကြောင်း စသည့် အသိပညာပေးခြင်းများ ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့မအခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီလင်းနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်း ကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဗွီနိုင်း ပိုစတာများအား  စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)