မိုင်းငေါ့ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ် (မြောက်င်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်၂ နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးရေးဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် မိုင်းငေါ့မြို့ မြို့ပေါ်(၅)ရပ်ကွက်ရှိ အသက် (၂) နှစ်အောက် ကလေးငယ်များကို စက်တင်ဘာ(၁၂)ရက်နေ့တွင်လည်းကောင်း၊ ကွန်ကောက်၊ လွယ်ကြူ၊ မန်ပင့်၊ ဟဲခမ်း၊ မန်ဟွေကျေးရွာရှိ အသက်(၂)နှစ်အောက် ကလေးငယ်များကို စက်တင်ဘာ(၁၃)ရက်နေ့တွင်လည်းကောင်း၊ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးသည့်အပြင် အသက်(၉)နှစ်ပြည့်ပြီးသော အမျိုးသမီး(၁၁)ဦးအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကိုလည်း ထိုးနှံပေးခဲ့ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)