ဗန်းမော် စက်တင်ဘာ ၁၃
ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောခြင်း၊ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက လူကုန်ကူးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဖြစ်စဉ် များအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းများ၊ ကိုယ်ဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ လူငယ်နှင့် စာရိတ္တအကြောင်းများကို အသိပညာပေးဟောပြောပြီး ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆန္ဒမွန်က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြကာ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၉၀)ဦး တက်ရောက်ခဲ့သည်။
ယင်းနောက် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသထား သည့် လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ မှတ်သား ဖွယ်ရာများ၊ ကိုယ်ဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ မှတ်သားဖွယ်ရာများ၊ ကြိုတင်ကာကွယ် မျောက်ကျောက်ရောဂါအန္တရာယ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)