ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အ.ထ.က(၂)ကျောင်းတွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့်ဟောပြောပွဲဆောင်ရွက်

ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အ.ထ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်အေးမဥ္ဇူက လူကုန်ကူးခြင်းနှင့်လူမှောင်ခိုခြင်း၊ လူကုန်ကူးခံရနိုင်သည့် အဓိကအကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ်ကို သိရှိပြီးကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့ပြီး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသထားရာကျောင်းသား၊ ကျောင်းသူလူငယ်များ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီး၊ ကာကွယ်ရေးအသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ပြသဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့‌ကြောင်းနှင့်ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာအုပ်စာစောင်များအား ဌားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)