မင်းပြားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး (Mask Campaign) ပြုလုပ်ခြင်း

မင်းပြား စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်မှုမရှိိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များကို မဖြစ်မနေ တပ်ဆင်သွားလာရေး အသိ ပညာပေးခြင်း Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့က မင်းပြားမြို့  လမ်းဆုံ၊ လမ်းခွများ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မင်းပြားမြို့၌ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်ကိုရိုနာဗိုင်းရပ် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ကာ မင်းပြားမြို့နယ်အတွင်းရှိ  ကိုရိုနာဗိုင်းရပ် ကူးစက်မြန်ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူများအား အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask ကို မဖြစ်မနေတပ်ဆင်သွားလာကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်အား လိုက်နာကြရန် အသိပညာပေးပြောကြားပြီး Mask တပ်ဆင်မှုမရှိသူများအား Mask တပ်ဆင်ပေးခြင်းများကို ပြုလုပ်ကြကြောင်း သိရသည်။

သိန်းနုအောင် (ပြန်/ဆက်)