မြို့တော်ဝန်ဦးဗိုလ်ဌေး စားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချနေမှု ကြည့်ရှုအားပေး

ဒဂုံတောင် စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စိုက်​မွေးရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများအား စားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ယနေ့နံနက် ၆နာရီခွဲမှ စတင်ကာ ပြည်သူများလက်ဝယ်အရောက် စျေးကားများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပြည်သူများအား ရောင်းချပေးနေမှုကို ရန်ကုန်မြို့တော်စည်ပင်ယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည်ရှုအားပေးကြသည်။

ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေးရာတွင် ပေါ်ဆန်းဆန် ၅ ပြည်လျှင် ၁၂၈၀၀/- ကျပ်ဖြင့် အိတ်(၃၀)၊ ဧည့်မထဆန်(၅)ပြည်တစ်အိတ်လျှင် ၈၀၀၀/-ကျပ်ဖြင့်(၃၀)အိတ်၊ ဆီတစ်ပိဿာ ၅၄၀၀/-ကျပ်ဖြင့် ပိဿာ(၁၀)၊ ကြက်ဥတစ်လုံး ၁၇၅/-ကျပ်ဖြင့် ကြက်ဥ(၂၅၀၀)လုံး၊ ကြက်သားတစ်ပိဿာ ၆၅၀၀/-ကျပ်ဖြင့် (၁၅)ပိဿာ၊ ငါးတစ်ပိဿာ ၉၀၀၀/-ကျပ်ဖြင့်(၂၃)ပိဿာ အမဲသားတစ်ပိဿာ ၁၂၀၀၀/-ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၀၀၀၀/-ကျပ် ဝက်သားတစ်ပိဿာ၁၃၀၀၀/-ကျပ်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား ပြည်သူများလက်ဝယ်အရောက် ရွေ့လျားစျေးကားများဖြင့် ရောင်းချပေးရာ ပြည်သူများလွတ်လပ်စွာ ဝယ်ယူအားပေးကြကြောင်းနှင့် စျေးဝယ်လာကြသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း(Mask)များ ဝေငှပေးကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)