ကျိုင်းတုံမြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် အမှိုက်သိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ရှင်းလင်းတင်ပြပွဲပြုလုပ်

ကျိုင်းတုံ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် အမှိုက်သိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ရှင်းလင်းတင်ပြပွဲကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း က အမှာစကားပြောကြားပြီး ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် အင်ဂျင်နီယာမှူး ဦးကြည်ရှိန်တို့က စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မြို့သန့်ရှင်းရေးလုပ်ငန်းများ ရှင်းလင်းတင်ပြသည်။

ထို့နောက် စိန်ရေကန်အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုင်းဝန်းကျောက်နှင့် တာဝန်ခံ  ဒေါ်တင်နှင်းလှိုင်အောင်တို့က အမှိုက်သိမ်းဆည်းခြင်းဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖများနှင့် ရပ်ကွက်၊ ကျေးရွာစုအုပ်ချုပ်ရေးမှူးများ၊ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင် က နိဂုံးချုပ်ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)