အမ်း စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပြည်သူများကို ကိုဗစ်- ၁၉ အိုမီခရွန်မျိုး ရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ယနေ နံနက်အချိန်က လေယာဉ်ကွင်းရပ်ကွက် လူစည်ကားရာ လမ်းဆုံလမ်းမများနှင့် ပျံကျစျေး၌ ဒေသခံပြည်သူ စျေးရောင်း၊ စျေးဝယ်သူများအား Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာ တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက ပြည်သူများအား နှာခေါင်းစည်း Mask (၁၀၀၀)ခု အခမဲ့တပ်ဆင်ပေးခြင်း၊ ကူးစက်မြန် ကိုဗစ်-၁၉ အိုမီခရွန်မျိုး ရိုးဗီဇပြောင်း BA-5 ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန် လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်း မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်- ၁၉ရောဂါ ထပ်ဆောင်း ကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စိုးမင်းထွန်း
မြို့နယ်(ပြန်/ဆက်)