ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပုံမှန်ဝင်​ငွေမရှိသောပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့

ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ထောက်ပံ့၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)က ဦးဆောင်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များမှ အမှတ်(၈၈)ရပ်ကွက်တွင် စာရင်းကောက်ယူထားသော လက်လုပ်လက်စား အိမ်ထောင်စုများထံသို့ ယနေ့နံနက်(၉:၀၀) နာရီမှစတင်၍ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆန်ရိက္ခာများ ဖြန့်ဝေပေးရာတွင် အမှတ်(၈၈)ရပ်ကွက်၊ လက်လုပ်လက်စားဦးရေ (၇၄၁၈)ဦး အိမ်ထောင်စု(၁၇၈၄)စုအား တစ်အိမ်ထောင်လျှင်(၂၅)ပြည်ပါ ကီလို(၅၀)ဂရမ် ဆန်(၁)အိတ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း စာရင်းကောက်ယူထားသော အိမ်ထောင်စုများသို့ အလှည့်ကျစနစ်ဖြင့် ဆန်ရိက္ခာများ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)