မဘိမ်း စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုး/စိစစ် ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ်ဖြင့် စိစစ်ချ ထားခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က မဘိမ်းမြို့နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုနှင့် ဦးမင်းမင်းသိန်းတို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြား ခဲ့ ကြပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် က မြို့နယ်အတွင်းရှိ သားသတ်လုပ်ငန်းများနှင့် အရပ်ရပ်အခွင့်အရေးလိုင်စင်များကို သတ်မှတ် စည်းကမ်းချက်များနှင့်အ ညီ စနစ်တကျစိစစ်ရောင်းချသွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းစိန်နှင့် မြို့နယ်စည်ပင် သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးဝင်းမြတ်ကျော်တို့က အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက် တမ်းတိုး/စိစစ်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ်ရောင်းချခွင့် လက် မှတ်ဖြင့် စိစစ်ချထားခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ သားသတ်လုပ်ငန်းလုပ်ကိုင်သူများအား တာဝန်ရှိသူများက အသား ထုတ်လုပ်ရောင်းချခွင့်လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုး/စိစစ်ရောင်းချခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)