သီပေါ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်၊ စာစောင်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲ၊ ပြခန်းများ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးမှုအများဆုံး နိုင်ငံများအကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် လူကုန်ကူးမှုအမျိုးအစားများစသည့် အကြောင်းအရာများကိုကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း၊ အဆိုပါ အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲပြခန်းသို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)