မုဒုံ စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ကို မုဒုံမြို့၊ မြို့မဈေး၌ ပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်သူများအား စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ပြီး နှာခေါင်းစည်းများအခမဲ့ဝေငှပေးသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်းများကို အခမဲ့ဝေငှပေးခဲ့ကာ ဈေးအတွင်းမှ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများကိုလည်း နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ထားခြင်းရှိမရှိ လိုက်လံစစ်ဆေး၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့သည်။
မုဒုံသူ (ပြန်/ ဆက်)