ရပ်စောက် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ Mask Campaign ပြုလုပ်ကာ နှာခေါင်းစည်း(Mask)များအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီမှ (၁၀)နာရီအချိန်အထိ မြို့မဈေးအနီး နာရီစင်အဝိုင်းပတ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) တပ်ဆင်လာခြင်းမရှိသည့် လမ်းသွားလမ်းလာပြည်သူများအား အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပြီးမှသွားလာကြရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ရန်စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား အသိပညာပေးပြောကြားခဲ့ကြပြီး နှာခေါင်းစည်းများအား အခမဲ့ပေးဝေခဲ့ကြသည်။
ယနေ့ပြုလုပ်သည့် Mask Campaign တွင် နှာခေါင်းစည်း (Mask) အခု (၁၆၀၀) အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆုမွန်(မြို့နယ်ပြန်/ဆက်)