တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

တံတားဦး  စက်တင်ဘာ  ၁၃

တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Dose)ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံရန် စုရပ်ဖြစ်သည့် တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ထိုးနှံပေးကြောင်းသိရသည်။

တံတားဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပြီးသည့် ကျောင်းသား/သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (Booster Dose) ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိသည့် ကျောင်းသား/သူများကို လည်း ထပ်မံထိုးနှံပေးဦးမည်ဖြစ်ကာ ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေပြီး  စိတ်အေးချမ်းစွာဖြင့် ပညာကိုသင်ကြားနိုင်စေရန်ရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူ (၈၅၇)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂၅၃၂)ဦး၊ ဘုန်းတော်ကြီသင်ပညာရေးကျောင်းမှ အလယ်တန်းအဆင့်(၁၈၅)ဦး စုစုပေါင်း (၃၅၇၄)ဦး လျာထားကြောင်း၊ ၎င်းအပြင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး မထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းရေးသွင်းနှင့် မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာ  ကျန်းမာရေး စည်းကမ်းများနှင့်အညီ ထိုးနှံပေးခဲ့ကြောင်းလည်း တံတားဦးမြို့နယ် ပညာရေးမှူး ဦးကျော်ကျော်မွန် ထံမှသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်းကို တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများ၊ စေတနာရှင်ပြည်သူများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲတင့်