ရန်ကုန် စက်တင်ဘာ ၁၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအားလုံး ပြင်ပထွက်ခွာချိန်တိုင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရာတွင် မျက်နှာ၊ နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက Mask Campaign များကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လူဝင်လူထွက်များပြားသည့် နေရာများဖြစ်သည့် သိမ်ဖြူစျေး၊ ဗိုလ်မင်းရောင်လမ်းမကြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအရှေ့ဘက်နှင့် သိမ်ဖြူမီးရထား ရပ်ကွက်များတွင် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်မှုရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြင်ပထွက်ခွာရာမှာ Mask မတပ်ဆင်လာသည့် ပြည်သူများအား Mask များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)