ကျိုက်ထို စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့ နယ်ရှိ ဈေးများ၊လမ်းဆုံလမ်းခွနှင့် လူစည် ကားရာနေရာများ၊စာသင်ကျောင်း ရှေ့များ တွင် Mask Campaign ဆောင်ရွက်ခြင်း အသိပညာပေးလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လူသွားလူလာများသည့် လမ်းဆုံလမ်းခွ၊ ဈေးများ၊ လူစည်ကားရာနေရာများ၊ စာသင်ကျောင်းများ၊ သွားလာလှုပ်ရှားနေကြသည့် ခရီးသွားပြည်သူများနှင့် ဈေးရောင်း ဈေးဝယ်ပြည်သူများမှ အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ် ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Maskကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး ထပ်ဆောင်းကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံသွားရေး အသိပညာပေးပြောကြားပြီး Mask များ အခမဲ့ ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)