နောင်မွန်း စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် အများပြည်သူကျန်းမာရေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်တတ်သောရောဂါများ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီတွင် Mask Campaign ကို မြို့နယ် ပြည်သူ့အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးပွဲ လာရောက်ကြည့်ရှုကြသော ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို Mask နှာခေါင်းစည်းများဝေငှပြီး ကျန်းမာရေး အသိညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)