ညောင်ဦးမြို့ လမ်းသွားလမ်းလာများနှင်ဈေးများအတွင်း နှာခေါင်းစည်းလူတိုင်းတပ်ဆင်နိုင်ရေး Mask ခုရေ ၂၅၀၀ ဖြန့်ဝေ

ညောင်ဦး  စက်တင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ရုံးရှေ့တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး ခုရေ ၂၅၀၀ ဖြန့်ဝေ၍ Mask Campaign ပြုလုပ် ခြင်းအား ယနေ့နံနက် ၇ နာရီအချိန် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Mask Campaign ပြုလုပ်ဖြန့်ဝေခြင်းအား  ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနန်းတင့်တို့ ဦးဆောင်ကာ မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့် ရှောက်ရေးအသင်း နှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများသည် ညောင်ဦးမြို့၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့နှင့်လေယာဉ်ကွင်းလမ်းဆုံ၊ မဏိစည်သူနှင့်ဘုန်းစဉ်အခွန်လွတ်ဈေးသို့ လာရောက်သည့် ဈေး ရောင်းဈေးဝယ်များ၊ လမ်းသွားလမ်းလာများ၊ အမှတ်(၃)အောင်ဇေယျရပ်ကွက်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန် Mask Campaign ပြုလုပ်ရင်း Mask များဝေငှရာနှာခေါင်းစည်း အခုရေ ၂၅၀၀ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ